Skip to main content

#သေဆုံးသွားသော ဖုန်းနံပါတ်များ

#သေဆုံးသွားသော ဖုန်းနံပါတ်များ
ကိုယ့်ဖုန်းcontactsထဲမှာ ဖုန်းနံပါတ်များစွာ ရှိနေတယ်။
ဒါပေမယ့် အားလုံးဟာ အသက်ဝင်မနေပါဘူး။
တချို့ဖုန်းနံပါတ်တွေဟာ သေဆုံးနေကြပါပြီ။
တစ်ချိန်က ရင်းရင်းနှီးနှီး လိုအပ်ခဲ့တဲ့ ဖုန်းနံပါတ်တွေဟာ အခုအချိန်မှာ သူစိမ်းဆန်နေပြီး သိပ်မလိုအပ်တော့သလိုပါပဲ။
ဖုန်းနံပါတ်ဆိုတာ ကိုယ့်ဖုန်းထဲကို ရောက်လာခါစက ရင်းနှီးမှုရဲ့သင်္ကေတပါပဲ။
ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တချို့ဖုန်းနံပါတ်တွေဟာ ကိုယ်နဲ့မဆိုင်တော့သလို အပိုဖြစ်နေပါတယ်။
တစ်ခါတစ်လေ သတိရလို့ ဖုန်းနံပါတ်တစ်ခုကို လွမ်းလွမ်းဆွတ်ဆွတ် ခေါ်ခဲ့မိပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူးလေ။
ဖုန်းကဒ်တွေ ဈေးပေါနေတဲ့ အခုခေတ်မှာ အတည်မှတ်ရတာလည်း ခက်သလိုပါပဲ။
တချို့လည်း ဖုန်းတော့ကိုင်ပါရဲ့ ကိုယ့်ကို မမှတ်မိဘူးလေ။
ဝေေ၀၀ါးဝါးနဲ့ ရင်းနှီးမှုတွေကို မနည်းအစပြန်ဆွဲထုတ်ပြရတယ်။
တစ်ချိန်က လိုအပ်ခဲ့ပေမယ့် အချိန်ကြာလာတဲ့အခါ မေ့သွားတာကိုတော့ ကိုယ်လည်း မတားမြစ်နိုင်ခဲ့ဘူးလေ။
သူ့ဖက်က ခဏတာမိတ်ဆွေလို့ သတ်မှတ်တာနေမှာပါ။
တချို့ဖုန်းနံပါတ်ကလေးတွေကတော့ အိပ်ပျော်နေကြလေရဲ့။
ကိုယ်သွားလှုပ်နိုးလိုက်မှ အိပ်ချင်မူးတူးနဲ့ ကယောင်ကတမ်းတွေ ပြောကြသေးတယ်။
သိပ်ကို ရယ်စရာကောင်းတဲ့ မိတ်ဆွေလေးတွေဟာ ဖုန်းနံပါတ်တွေရဲ့နောက်မှာ ပုန်းကွယ်နေကြတယ်လေ။
တချို့လည်း "ဘယ်သူမှန်းမသိလို့ ခေါ်ကြည့်တာပါ"တဲ့။
ကိုယ်ကတော့ ရင်းရင်းနှီးနှီးသိနေတော့ ရယ်ချင်နေမိတယ်။
အလုပ်ရှုပ်နေတဲ့ ဖုန်းနံပါတ်ကလေးတွေကိုတော့ အားနာပါတယ်။
တစ်ခါတစ်လေ အလုပ်ရှုပ်နေမှန်းမသိဘူး။ကိုယ်က သွားခေါ်မိတယ်။
"အလုပ်ပြီးမှ ပြန်ခေါ်မယ်"ဆိုပြီး တချို့လည်း တကယ်ပြန်ခေါ်ကြတယ်။တချို့လည်း ညာကြတယ်။
ကိုယ့်အတွက် အရေးမပါဘူးထင်ရတဲ့ ဖုန်းနံပါတ်တွေကို လိုက်ရှင်းရင်း နောက်ဆုံးတော့ အရင်းနှီးဆုံးနဲ့ ထာဝရအသက်ဝင်နေတဲ့ ဖုန်းနံပါတ်တွေဆိုလို့ ကိုယ့်မိသားစုရဲ့ဖုန်းနံပါတ်တွေပဲ ကျန်ခဲ့တယ်လေ။
"သတိရတဲ့အခါ ဖုန်းဆက်ပေးပါ"လို့ တောင်းဆိုလိုက်ပေမယ့် တကယ်တမ်း အ၀င်ကောတွေထဲမှာတော့ ကိုယ့်ကိုချစ်တဲ့ ကိုယ့်မိသားစုရဲ့ဖုန်းနံပါတ်တွေသာ ဖြစ်နေမှာပါ။
လေးစားစွာဖြင့်
Credit : အလင်း သစ်
#မေသတင်းရပ်ကွက်လေး

Comments

Popular posts from this blog

တန်ဆောင်မုန်းလပြည့်

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့အကြောင်း =============== သီတဂူဆရာတော် တန်ဆောင်မုန်းလပြည့်နေ့သည် မိုးနှောင်းဆောင်းဦး ရာသီအားဖြင့် ထူးသလို သာသနာအားဖြင့်လည်း ထူြး...

ပျော်အောင်နေပါ

"ပျော်အောင်နေပါ" •••••••••••••• ဘဝမှာ မေ့သင့်တာကို မေ့ပစ်လိုက်တာ အကောင်းဆုံးပါပဲသူ့အတွက် လမ်းဖြောင့်ဖြူးသွားသလို ကိုယ့်အတွက်လည်း စိတ်သောကတွေ ကင်းဝေးနေမ...

စိတ်ညစ်ရင်ဖတ်ဖို့

စိတ်ဓာတ်ကျတိုင်း ပြန်ကောက်ပါ ═══════════════════════ ဖိနပ်မရှိတိုင်း ငိုနေမိရင် ခြေထောက်မပါတဲ့သူကို သတိရပါ အလုပ်အဆင်မပြေတိုင်း စိတ်ညစ်မိရင် ထမင်းငတ်နေ...