"ပျော်အောင်နေပါ"
••••••••••••••
ဘဝမှာ မေ့သင့်တာကို မေ့ပစ်လိုက်တာ
အကောင်းဆုံးပါပဲသူ့အတွက် လမ်းဖြောင့်ဖြူးသွားသလို
ကိုယ့်အတွက်လည်း စိတ်သောကတွေ ကင်းဝေးနေမှာပါ
ဘဝမှာ ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ပေးလိုက်တာ
အကောင်းဆုံးပါပဲသူ့အတွက် လွတ်လပ်သွားသလို
ကိုယ့်အတွက်လည်း အတ္တတွေနည်းပါးနေမှာပါ
ဘဝမှာ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပေးလိုက်တာ
အကောင်းဆုံးပါပဲသူ့အတွက် ပျော်ရွှင်ရသလို
ကိုယ့်အတွက်လည်း အသင့်တော်ဆုံးဖြစ်မှာပါ
ဘဝမှာ တစ်ခါတစ်လေ တစ်ယောက်တည်း
အထီးကျန်ဆန်ဆန်နေလိုက်တာ အကောင်းဆုံးပါပဲ
သူ့အတွက် အနှောင့်အယှက်မဖြစ်တော့သလို
ကိုယ့်အတွက်လည်း တိတ်ဆိတ်မှုတွေနဲ့
အေးချမ်းနေမှာပါ
ဘဝမှာ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်အောင်ကြိုးစားတာ အကောင်းဆုံးပါပဲသူ့အတွက် မကူညီရတော့သလို
ကိုယ့်အတွက်လည်း လောင်းရိပ်မဲ့ရှင်သန်လာနိုင်မှာပါ
ဘယ်သူမဆို အမုန်းနဲ့နှုတ်ဆက်ရင်တောင်
အပြုံးနဲ့တုန့်ပြန်လိုက်တာ အကောင်းဆုံးပါပဲ
သူ့အတွက် မထိခိုက်သလိုကိုယ့်အတွက်လည်း
ဘာမှ မဆုံးရှုံးဘူးလေ
စိတ်ခံစားချက်တွေကို ပြင်ဆင်ပါ
ပျော်စရာမကောင်းတဲ့ ဖြစ်ရပ်တွေကို မေ့ပစ်ပါ
မကောင်းတဲ့အတိတ်တွေကို အတိတ်မှာထားခဲ့ပြီး
လက်ရှိဘဝလေးမှာ ပျော်အောင်နေပါ
Credit..orginal writer
Comments
Post a Comment